Medical Action Myanmar အဖွဲ့အစည်းသည် လူထုကျန်းမာရေး အထောက်အကူပြုနိုင်ရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပါသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ငွေကြေးမတတ်နိုင်သော မြန်မာပြည်သူများအနေဖြင့် အရည်အသွေး ပြည့်မှီသော ကျန်းမာရေးဝန်ဆောင်မှုများကို လွယ်လင့်တကူရရှိနိုင်ရန် ဖြစ်ပါသည်။ ဤအဖွဲ့အစည်းသည် ကျန်းမာရေးစောင့်ရှောက်မှု ရယူရန်ခက်ခဲသည့် ဝေးလံခေါင်ဖျားသည့် ဒေသများ၊ မြို့ဆင်ခြေဖုန်းဒေသများတွင် နေထိုင်သည့်လူများကို အကူအညီပေးရန် အဓိကဦးတည်ပါသည်။ ယခင်က Médécins sans Frontières Myanmar 1994-2009 (နယ်စည်းမခြားဆရာဝန်များ) တွင် ၁၅နှစ် ကြာတာဝန် ထမ်းဆောင်ခဲ့သော ဒေါက်တာ Frank Smithuis နှင့် ဒေါက်တာ နီနီထွန်း တို့မှ ဦးဆောင်၍ အတွေ့အကြုံရှိ ဆရာဝန်ကောင်း၊ ဆေးဝန်ထမ်းကောင်းများစွာ နှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်ပါသည်။

Medical Action Myanmar (MAM) is a medical aid organization. Its mission is to improve access to quality health care for the poorest of Myanmar people. It focuses on the most vulnerable people in remote areas and in urban slums, where the majority of people cannot afford to pay for adequate health care services. It is led by Dr Frank Smithuis and Dr Ni Ni Tun (previously working for Médécins sans Frontières Myanmar 1994-2009), with a team of experienced and committed health professionals.

http://www.mam.org.mm