ABE ဘွဲ့နှင်းသဘင်အခမ်းအနား 2022

2022 ခုနှစ် နိုဝင်ဘာလ 26 ရက် စနေနေ့တွင် Wyndham Grand Yangon Hotel ၌ ABE Level 4, 5 နှင့် 6 အရည်အချင်းပြည့်မီသူများအတွက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပခဲ့ပါသည်။ လက်မှတ် 171 ခုကို ABE နှင့် University of Hertfordshire (UH) မှ ချီးမြှင့်ခဲ့ပါသည်။ အဆိုပါပွဲကို ABE Asia ဒါရိုက်တာ Mr Suren Verma နှင့် ABE Myanmar Team တို့မှ စီစဉ်ကျင်းပခဲ့ပြီး လူပေါင်း ခြောက်ရာကျော် တက်ရောက်ခဲ့သည်။ အထူးဧည့်သည်တော်များ ဖြစ်ကြသည့် Mr Suki Singh (မန်နေဂျင်းဒါရိုက်တာ မြန်မာအပြည်ပြည်ဆိုင်ရာ ဟိုတယ်များ)၊ Ms Sarah Deverall (ဗြိတိသျှကောင်စီ မြန်မာ ဒါရိုက်တာ)၊ Mr Peter Crowhurst (ဗြိတိသျှကုန်သည်ကြီးများအသင်း မြန်မာ CEO)၊ ဒေါက်တာ Roger Yap (ABE မလေးရှား ကိုယ်စားလှယ်)၊ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာဒေါ်လှမြင့်နှင့် ပါမောက္ခ ဦးအေးကျော်တို့ တက်ရောက်ခဲ့ကြသည်။ Mr Rob May (CEO, ABE Global) မှ ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ ABE အသိအမှတ်ပြုစင်တာများ ဖြစ်ကြသော AIM Institute of Management၊ Business Institute Yangon၊ London Business University၊ MFAS College၊ MHR Management Institute၊ PS Business School၊ SAGE Business School၊ Strategy First University နှင့် WISE College တို့လည်း တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ကမ္ဘောဇဘဏ်လီမိတက်၊ Manulife အာမခံ၊ AR YU International ဆေးရုံ၊ UAB Bank၊ AIESEC Myanmar နှင့် ဗြိတိသျှကုန်သည်ကြီးများအသင်းတို့မှ ကိုယ်စားပြု အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပြခန်းများ ပါ၀င်သည်။

 

 

ABE Graduation Ceremony 2022

A graduation ceremony for ABE qualification holders at Levels 4, 5 and 6 took place on Saturday 26th November 2022 at the Wyndham Grand Yangon Hotel. 171 certificates were awarded by ABE and the University of Hertfordshire (UH). The event, organised by Mr Suren Verma (Director of ABE Asia) and his ABE Myanmar Team, was attended by over six hundred people. VIP guests included Mr Suki Singh (Managing Director, Myanmar Hotels International), Ms Sarah Deverall (Director, British Council Myanmar), Mr Peter Crowhurst (CEO, British Chamber Myanmar), Dr Roger Yap (ABE Malaysia Representative), Emeritus Professor Dr Daw Hla Myint and Professor U Aye Kyaw. Mr Rob May (CEO, ABE Global) addressed the event by video. The ABE accredited centres represented at the event included AIM Institute of Management, Business Institute Yangon, London Business University, MFAS College, MHR Management Institute, PS Business School, SAGE Business School, Strategy First University and WISE College. The event included a career fair, with career-booths representing KBZ Bank, Manulife Insurance, AR YU International Hospital, UAB Bank, AIESEC Myanmar and the British Chamber of Commerce Myanmar.

ABE ဘွဲ့နှင်းသဘင်အခမ်းအနား 2022  ABE GRADUATION CEREMONY 2022