MARK TIPPETTS

မြန်မာနှင့်ဗြိတိသျှနှစ်နိုင်ငံကြားတွင် အပေါင်းအဘော်နှင့် အပြန်အလှန်ဆက်ဆံရေးဆိုင်ရာလှုပ်ရှားမှုများကို အပြုသဘောဆောင် အထိရောက်ဆုံးဦးဆောင်လမ်းပြပေးခဲ့သည့် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Mark Tippetts သည်  ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။

Mark သည် ဗြိတိသျှနိုင်ငံသား ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် နှစ် ၃၀ အထိ နေထိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ယဥ်ကျေးမှုနှင့် စီးပွားရေးကဏ္ဍကို လက်ခံကျင့်သုံးခဲ့သလို မြန်မာပြည်သူများကိုလည်း အထူးစေတနာ ရှိခဲ့သူဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စီးပွား‌ရေးလောက၌ အရေးပါသော အခန်းကဏ္ဍများစွာ ထမ်းဆောင်ခဲ့သည့်အပြင် Pun Hlaing အိမ်ရာနှင့် ရာသက်ပန်ဂေါက်ကွင်း စီမံကိန်းကို စတင်ပြီးအောင်မြင်စွာ ဖော်ဆောင်ခဲ့သူလည်းဖြစ်ပါသည်။ Pun Hlaing တွင် Mark နှင့် သူ၏ ဇနီး Yeon တို့၏ အိမ် Mayon ကို တည်ဆောက်ခဲ့ပြီး ယင်းအိမ်သည် မြန်မာနိုင်ငံ၏ ဇာတိယဥ်ကျေးမှုနှင့် အနုပညာအခြေပြု၍ ဖန်တီးထားသည့် အိမ်အလှတန်ဆာတစ်ခုဖြစ်ပါသည်။

Mark သည် မြန်မာနိုင်ငံသို့ ရောက်မလာမီက စီမံခန့်ခွဲမှုနှင့် အကြံပေးအဖြစ် အောင်မြင်ဆန်းကြယ်သော အလုပ်အကိုင်များကို ၁၉၇၁ ခုနှစ်ကတည်းမှ စတင်ကာ အရှေ့အလယ်ပိုင်းနှင့် အာရှပစိဖိတ်ဒေသများရှိ နယ်ပယ်အသီးသီးတွင် ထမ်းဆောင်ခဲ့ပါသည်။ ဆော်ဒီအာရေဗျနိုင်ငံအပါအဝင် ရေနံဆီနှင့်ဓာတ်ငွေ့စွမ်းအင်အရင်းပြုနိုင်ငံကြီးများပါဝင်တဲ့ The Gulf States ရှိ ဗြိတိသျှအခြေစိုက် Guinness Peat အဖွဲ့၏ ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ဂျပန်နိုင်ငံတိုကျိုမြို့ရှိ Nissho lwai ကော်ပိုရေးရှင်း၏ အကြံပေးအနေနှင့် လည်းကောင်း၊ တရုတ်နိုင်ငံ ဟောင်ကောင်မြို့ရှိ International SOS အဖွဲ့နှင့် ပူးပေါင်းသည့် အကြံပေးလုပ်ငန်းဖြင့်လည်းကောင်း အသီးသီး ဝန်ဆောင်မှုပေးခဲ့ပါသည်။

Mark သည် ၁၉၆၄ ခုနှစ်တွင် ဗြိတိန်နိုင်ငံမှ မြန်မာသို့ ကုန်းလမ်းခရီးစဥ်တစ်ခုနှင့် ပထမဆုံး ရောက်ရှိခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် SPA Consultancy Division ကို စတင်တည်ထောင်ရန် မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ကာ SPA Consultancy Division ၏ စျေးကွက်ဖောက်ကားရေးနှင့် ရောင်းအားမြှင့်တင်ရေးဌာနဆိုင်ရာဒါရိုက်တာအဖြစ် ထမ်းဆောင်ခဲ့ပါသည်။ SPA, Yoma Strategic Holdings နှင့် FMI အဖွဲ့အစည်းများ၏ အဖွဲ့အစည်း  သံတမန်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပြီး Pandaw Investment Holdings အမှု​ဆောင်ဒါရိုက်တာတစ်ဦးလည်း ဖြစ်ခဲ့ပါသည်။

Mark ၏ ကွယ်လွန်ခြင်းအပေါ် သူ၏ သူငယ်ချင်းများနှင့်  The Myanmar And Britain Association ၏ ကော်မတီအဖွဲ့ဝင်များ အတူတကွ ဝမ်းနည်းကြောင်းနှင့် ကျန်ရစ်သူ Yeon အား ကြင်နာစွာဖြင့် အားပေးနှစ်သိမ့်ကရုဏာ ပြုအပ်ပါသည်။

Mark Tippetts, who died on 13th October 2024, was the very personification of positive links between Myanmar and Britain. In every way he was a shining example of the best of happy interaction between the two countries’ peoples. Although British born and bred, Mark lived in Myanmar for nearly thirty years, embracing its culture, business world and, most of all, its people. Alongside many other key roles in his business career in Myanmar, Mark was the driving force behind the creation, from scratch out of paddy fields, of the magnificent Pun Hlaing residential and golf estate. It was also at Pun Hlaing where Mark and his wife Yeon built their beautiful home, Mayon, which is a tribute to the architecture and art of their adopted nation.

Before coming to Myanmar, Mark had a distinguished career in management and advisory roles. These began in 1971, initially in the Middle East and then Asia Pacific. They included representing Guinness Peat in Saudi Arabia and the Gulf States, advising Nissho Iwai Corporation in Tokyo and consulting with International SOS in Hong Kong. Mark first visited Myanmar in 1964 on an overland road trip from the UK. He moved there in 1996 to set up the SPA Consultancy Division, subsequently becoming Director of Group Sales and Marketing. Mark was Group Ambassador for Yoma Strategic Holdings, FMI and SPA. He was also Managing Director of Pandaw Investment Holdings.

It is with huge sadness that Mark’s friends and co-Committee Members of the Myanmar And Britain Association mourn his passing and we extend our deepest sympathies to Yeon.