ABE Myanmar ၏ ဆုလက်မှတ်ချီးမြှင့်ခြင်းနှင့် ဘွဲ့နှင်းသဘင်အခမ်းအနား ၂၀၂၄
ABE 2024 ဆုလက်မှတ်ချီးမြှင့်ခြင်းနှင့် ဘွဲ့နှင်းသဘင် အခမ်းအနားကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ Wyndham Grand Yangon Hotel တွင် 2024 ခုနှစ် အောက်တိုဘာလ 26 ရက်နေ့ စနေနေ့က ကျင်းပခဲ့ပါသည်။ အခမ်းအနားကို တက်ရောက်ချိီးမြှင့်သူ ၈၀၀ ကျော်ရှိခဲ့ပြီး၊ ဘွဲ့ရရှိသူ ၂၀၀ကျော် နှင့်အတူ မိဘများ၊ ABE ကိုယ်စားလှယ်များ၊ ကျောင်းများမှ ထိပ်တန်းဌာနမှူးများနှင့် ဂုဏ်ထူးဆောင် ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။ ထိုဧည့်သည်များတွင် မြန်မာနိုင်ငံဆိုင်ရာ British Council Director Ms. Sarah Deverall, ABE ၏ အာရှ ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနှင့် ဗြိတိသျှ ပြည်ထောင်စု ဆိုင်ရာ Director ဖြစ်သူ Mr. Rob Kindness, မြန်မာနိုင်ငံဆိုင်ရာ British Chamber of Commerce CEO Mr. Ian Fox နှင့် မြန်မာ-ဗြိတိသျှ အသင်း အဖွဲ့ဝင်ဖြစ်သူ ဒေါ်ချိုချိုတိုး တို့ ပါဝင်ပါသည်။
ABE မှ Accredited Centerများဖြစ်သည့် AIM International College, BIY College, KBTC College, MHR Management Institute, New Next International College, Pacific Prime Business School, PS Business School, RPDA Education for Excellence, SAGE Business School, Strategy First International College, The Greatest Education Centre နှင့် WEBS International တို့မှ အမှုဆောင်အရာရှိများ၊ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ABE Qualifications Level များ၏ ဘာသာရပ်ဆရာ၊ဆရာမများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို ABE ၏ Regional Director ဖြစ်သူ Mr. Suren Verma နှင့် သူ၏ ကျွမ်းကျင်သော Operations Officer ဖြစ်သူ မသဉ္ဇာအောင် တို့က စီစဉ်ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ABE Qualifications Level 4 Diploma မှ University of Hertfordshire ၏ Bachelor of Arts (Honours) in Business Administration အထိ ဘွဲ့လက်မှတ် ၂၁၈ ခုချီးမြှင့်ပေးခဲ့ပြီး၊ 2024 ခုနှစ်အတွက် ဆယ်ကျော်သက်သင်တန်း ABE Endorsed KidsMBA Program မှ Future Entrepreneur of the Year ဆုများနှင့်အတူ ABE မှ သက်ဆိုင်ရာဘာသာရပ်အသီးသီးတွင် ကမ္ဘာ့အမှတ်အများဆုံးရဆုရှင်များနှင့် သူတို့၏ ပါမောက္ခများကိုလည်း ဆုချီးမြှင့်ခဲ့ပါသည်။
ABE 2024 Graduation Ceremony
The ABE 2024 Graduation Ceremony took place in Myanmar on Saturday the 26th October at the Wyndham Grand Yangon Hotel. The ceremony was attended by over 800 graduates, parents, ABE lecturers, heads of institutions and a number of distinguished guests. These included Ms. Sarah Deverall (Director of British Council Myanmar), Mr. Rob Kindness (ABE’s Sales Director Asia Pac, MENA & UK), Mr. Ian Fox (CEO of the British Chamber of Commerce Myanmar) and Daw Cho Cho Toe (Committee Member of the Myanmar And Britain Association). The ABE Accredited Centres represented were AIM International College, BIY College, KBTC College, MHR Management Institute, New Next International College, Pacific Prime Business School, PS Business School, Rakhine Professional Development Academy, SAGE Business School, Strategy First International College, The Greatest Education Centre and WEBS International. The event was organised by ABE’s Regional Director Suren Verma and his dedicated operations officer Thinzar Aung. 218 certificates were awarded, ranging from Diploma Level 4 up to Bachelor of Arts (Honours) in Business Administration (University of Hertfordshire). There were also awards for Future Entrepreneur of the Year 2024, along with those for ABE top paper winners and their respective lecturers.